ရုပ်သံသတင်း

သတင်းပျောက်နေတဲ့ မန္တလေးမြို့မှ သပိတ်လူငယ် ၉ ဦး အိုးဘိုထောင်ရောက်

ဧပြီလဆန်းပိုင်းက မန္တလေးမြို့တွင် မိသားစုနှင့်အဆက်အသွယ်မရဘဲ သတင်းပျောက်နေသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ် အင်အားစုအဖွဲ့က လူငယ် ၉ ဦးသည် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-ကဖြင့် တရားစွဲခံရပြီး အိုးဘိုးထောင်ကို ပို့ဆောင်ခံလိုက်ရပြီဖြစ်ကြောင်း အဖွဲ့ဝင် သပိတ်လူငယ်တစ်ဦးကပြောပါသည်။

ပြီးခဲ့သည့် ဧပြီ ၄ ရက်နေ့ နံနက်ပိုင်းက အဆက်အသွယ်ပြတ်သွားသည့် ၎င်းတို့ ၉ ဦးသည် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး သင်္ကြန်မတိုင်ခင်ကတည်းက အိုးဘိုထောင်ကို ရောက်နေကြောင်း သိရပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/0lV22bCKATQ]

Show More

Related Articles

Back to top button