အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ခွန်ထွန်းဦးဈာပန ရေဝေးသုသာန်တွင် ပြုလုပ်

အသက် ၇၉ နှစ်အရွယ် အထင်ကရ ရှမ်းတိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ခွန်ထွန်းဦး၏ ဈာပနကို ယနေ့ မေလ ၂ ရက်နေ့မှာ ရန်ကုန်မြို့ရေဝေးသုသာန်အတွင်း ပြုလုပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပါအဝင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နှင့် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်မိတ်ဆွေများက လွမ်းသူ့ပန်းခွေများပေးပို့ထားကြကာ နိုင်ငံရေးနယ်ပယ်အပါအဝင် နယ်ပယ်အသီးသီးက မိတ်ဆွေများ လိုက်ပါပို့ဆောင်ကြပါသည်။

ခွန်ထွန်းဦးသည် SNLD ထူထောင်စ ၁၉၈၈ တွင် ပါတီအထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ပေးခံရပြီး ၁၉၈၉ မန္တလေးတွင် ပြုလုပ်ခဲ့သည့် ပါတီအစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရပါသည်။ ခွန်ထွန်းဦး ဦးဆောင်သည့် SNLD ပါတီသည် စစ်အာဏာရှင်အဆက်ဆက်၏ ဖိနှိပ်မှုများကို ရင်ဆိုင်ခဲ့ရသော်လည်း ဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/RWRmG6_EteI]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button