
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှ ဒေသခံကာကွယ်ရေးအဖွဲ့စခန်းတစ်ခု ယနေ့ (ဧပြီ ၂၉) ရက် နံနက်က စီးနင်းခံရပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ သွားရောက်ကူညီတိုက်ခိုက်ပေးသည့် Zero ပြောက်ကျားတပ်ဖွဲ့က ဒုခေါင်းဆောင်တစ်ဦး သေဆုံးခဲ့သည်။
စစ်ကောင်စီတပ်ကို ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်များကို စစ်တပ်က အင်အားအများအပြားနှင့် ဝင်ရောက်စီးနင်းပြီး ကျေးရွာများကို မီးရှို့ခြင်းများကို ယခုနှစ်ဆန်းပိုင်းမှစ၍ ခပ်စိပ်စိပ်လုပ်ဆောင်နေသည်။
အာဏာသိမ်းပြီးချိန်မှ တစ်နှစ်ကျော်ကာလအတွင်း နေအိမ် ၉၁၈၇ လုံး မီးလောင်ပျက်စီးခဲ့ရပြီး ထက်ဝက်ကျော်မှာ စစ်ကိုင်းတိုင်းမှ ဖြစ်ကြောင်း အချက်အလက်များ စာရင်းပြုစုနေသည့် Data for Myanmar အဖွဲ့က ဧပြီ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/L-Wqg8KaJDw]