ရုပ်သံသတင်း

ဦးဝင်းတင်ရဲ့စိတ်ဓာတ်အတိုင်း အာဏာရှင်ကိုတော်လှန်ဖို့ သပိတ်ခေါင်းဆောင်များတိုက်တွန်း

ယနေ့ ဧပြီ ၂၁ ရက်နေ့သည် နိုင်ငံရေးအကျဉ်းသားဟောင်း၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်သည် ၈ နှစ်ပြည့်နေ့ဖြစ်ပါသည်။ ကွယ်လွန်ချိန်အထိ ထောင်အကျီအပြာကို ဝတ်ဆင်ခဲ့သည် ဟံသာဝတီဦးဝင်းဝင်ကို အောက်မေ့ဂုဏ်ပြုတဲ့အနေဖြင့်လည်းကောင်း လက်ရှိအကျဉ်ထောင်များအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများနှင့် တစ်သားတည်းရှိနေကြောင်းပြသသည့်အနေဖြင့်ပါ Blue Shirt ဝတ်ဆင်ခြင်းလှုပ်ရှားမှုကို လုပ်ဆောင်နေကြသည်။

လက်ရှိအခြေအနေသည် စစ်အာဏာရှင်နှင့် စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေသည့်အချိန်ဖြစ်သော်ကြောင့် ဟံသာဝတီဦးဝင်းတင်၏ ခံယူချက်များ၊ သံမဏိစိတ်ဓာတ်များအတိုင်း ဆက်လက်တိုက်ပွဲဝင်သွားကြရမည်ဖြစ်ကြောင်း ‌သပိတ်ခေါင်းဆောင်များက တိုက်တွန်းသွားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/R8Vu2qWxbvg]

Show More

Related Articles

Back to top button