
ယနေ့ ဧပြီ ၁၇ (နှစ်ဆန်းတစ်ရက်နေ့)တွင် စစ်ကောင်စီလွှတ်ပေးလိုက်သည့် အကျဉ်းသား ၁၆၀၀ ခန့်တွင် နိုင်ငံရေးအကျဉ်းသားတစ်ယောက်မှ ပါဝင်လာခြင်းမရှိသေးကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ပေးရေးအသင်း(AAPP)နှင့် ရှေ့နေများထံမှ သိရပါသည်။
မြန်မာအရေးနှင့်ပတ်သတ်ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်တွင် အကြမ်းဖက်မှုများရပ်တန့်ရန်၊ ဖမ်းဆီးထားသူအားလုံး ပြန်လွှတ်ပေးရန် စစ်ကောင်စီကို အာဆီယံဒေသတွင်းနိုင်ငံများက သဘောတူတောင်းဆိုထားသော်လည်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စာရင်းများအရ စစ်တပ်အာဏာသိမ်းခဲ့သည်နေ့ကစပြီး ဧပြီ ၁၅ ရက်နေ့အထိ ၁၃၂၈၂ ဦး ဖမ်းဆီးခံထားရပြီး ၁၀၂၃၈ ဦးမှာ ယနေ့ထိ ဖမ်းဆီးခံထားရဆဲဖြစ်ပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/a_rD86oqPpQ]