ရုပ်သံသတင်း

အာဏာသိမ်းမှုနဲ့ ကိုဗစ်ကိုအာရုံလွှဲမယ့် စစ်ကောင်စီသင်္ကြန်ကို သပိတ်မှောက်ဖို့တောင်းဆို

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့အပြား သတ်ဖြတ်မှုများ၊ နေအိမ်မီးရှို့မှုများအတွက် တာဝန်ရှိသည့် စစ်ကောင်စီသည် ကူးစက်မြန် မျိုးရိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုးဖြစ်သည့် အိုမီခရွန်မျိုးကွဲသစ် BA.2 ကူးစက်လာနေသည့်အချိန်တွင် သင်္ကြန်ပွဲတော်ကို စည်စည်ကားကားကျင်းပရန် ပြင်ဆင်နေပါသည်။

ထိုသို့ကြိုးစားလုပ်ဆောင်ခြင်းသည် အာဏာသိမ်းမှုနှင့် ကိုဗစ်နိုင်တင်းရောဂါကူးစက်မှုများကို အာရုံလွှဲရန် ကြိုးစားမှုတခုဖြစ်ပြီး စစ်ကောင်စီ၏သင်္ကြန်ပွဲအပေါ် ပြည်သူများသပိတ်မှောက်ကြရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်းပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/0B_W8-bKOj8]

Show More

Related Articles

Back to top button