ရုပ်သံသတင်း

မန္တလေးကဆရာဝန်ကြီး ၁၄ ဦးကို လိုင်စင်သိမ်း၊ လူနာမှတ်တမ်းနေ့စဉ်ပို့ရန် စစ်ကောင်စီဖိအားပေး

အာဏာသိမ်းမှုကို လက်မခံသည့် မန္တလေးမြို့က အထူးကုဆရာဝန်ကြီး ၁၄ ဦးကို စစ်ကောင်စီက ဆေးကုသခွင့် ပိတ်သိမ်းလိုက်ပြီး လူနာစာရင်းများ နေ့စဉ်ပို့ပေးရန် ဖိအားပေးနေကြောင်း ဆရာဝန်အသိုင်းအဝိုင်းထံက သိရပါသည်။

မတ်လ ၁၂ ရက်နေ့က မန္တလေးမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံပိုင်ရှင်များနှင့် ဆရာဝန်များကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးက ယခုလိုဖိအားပေးတာဖြစ်ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည် မန္တလေးမြို့က ဒေါက်တာစိုးသူရဇော်က ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/7JU3Me5AFNk]

Show More

Related Articles

Back to top button