
စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာလာသည့်အချိန်တွင် မြန်မာပြည်သူများ၏ စားဝတ်နေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများသည် ခေတ်နောက်ပြန်ဆွဲသလို ဖြစ်သွားခဲ့ပြီး ၂၀၁၀ မတိုင်ခင် အရင်စစ်အစိုးရခေတ်တွင် ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲတွေကို အခုပြန်လည်ရင်ဆိုင်နေကြရပါသည်။
ကိုဗစ်နိုင်တင်း(Covid-19) ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကို ရင်ဆိုင်ခဲ့ရသည့် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်အတွင်း အလုပ်သမား ၁ ဒသမ ၆ သန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ယခုနှစ် ဇန်နဝါရီလကုန်က ထုတ်ပြန်ထားပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/bM3718qaOTU]