
စစ်အာဏာသိမ်းကြောင်း မကြေညာမီ နာရီပိုင်းအလိုတွင် ဖမ်းဆီးခံရပြီး တစ်နှစ်ကျော်ကြာ အမှုရင်ဆိုင်နေရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး ကို ယနေ့ (မတ် ၁၀) တွင် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်။ ယနေ့သည် ဦးမြအေး၏ အသက် ၅၆ နှစ်ပြည့် မွေးနေ့လည်း ဖြစ်သည်။
၂၀၁၄ နိုဝင်ဘာလတွင် ဦးမြအေးက တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ မင်းသိန်းဟုခေါ်သည့် တရုတ်နိုင်ငံသား တရုတ်လူမျိုးထောက်လှမ်းရေးတစ်ဦးထံ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ ပေးပို့ခဲ့သည့် အီးမေးကြောင့် ပုဒ်မ ၅၀၅-ဂ ဖြင့် အမှုဖွင့်ခံထားရခြင်း ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/ecfHnZV8RSo]