အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မြစ်ငယ်မီးရထား CDM ဝန်ထမ်းများ လိုင်းခန်းမှ ဖယ်ရှားခံရ

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှ မြစ်ငယ်မီးရထားဝန်ထမ်းများ၏ နေအိမ်များကို မတ်လ ၈ ရက်နေ့ကစတင်ပြီး စစ်ကောင်စီက ဖယ်ရှားနေပါသည်။

မီးရထားဝန်ထမ်းများနေထိုင်သည့် မြစ်ငယ်မြို့ကို မတ်လ ၅ ရက်နေ့က စစ်သားများရောက်လာပြီး CDM သမားများကို လိုင်းခန်းမှ ထွက်သွားကြရန် စာကပ်ခြိမ်းခြောက်ကြောင်း၊ မနေ့ကစတင်ပြီး မြေကော်စက်များဖြင့် စတင်ဖယ်ရှားနေပြီဖြစ်ကြောင်း မီးရထား CDM ဝန်ထမ်းများက ပြောပါသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့စပြီး ရန်ကုန်မြို့ မလွှကုန်းမီးရထားလိုင်းခန်းအပြင် အခြားမီးရထားလိုင်းခန်းများတွင်လည်း CDM ဝန်ထမ်းသည် လိုင်းခန်းများမှ ဖယ်ပေးခဲ့ရပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/Ms1bQZVxC1g]

Related Articles

Back to top button