သတင်း

အောင်ရဲထွေးသေဆုံးမှုကို အစအဆုံး ပြန်စစ်ဆေးမည်

အွန်လိုင်းလူမှုကွန်ရက်ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုကို အစမှ ပြန်လည်စစ်ဆေးရန် ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးက ယနေ့တွင် ဆုံးဖြတ်လိုက်သည်။

အပတ်စဉ် အင်္ဂါနေ့တိုင်းစစ်ဆေးမည့် လာမည့်ရုံးချိန်းများတွင် အမှုနှင့်ပတ်သက်သည့် မျက်မြင်သက်သေများအား ပြန်လည်ခေါ်ယူ စစ်ဆေးသွားရန်လည်း ပြင်ဆင်နေသည်။

ဟာသရုပ်သံတိုများကြောင့် Facebook တွင် လူသိများသည့် အောင်ရဲထွေး (ခ) ရဲထွေးအောင်(၂၅နှစ်) သည် ၂၀၁၇ ဒီဇင်ဘာ ၃၁ ညပိုင်း ရန်ကုန် The One Entertainment Park နှစ်သစ်ကူးပွဲတော် ရန်ပွဲတစ်ခုကြောင့် ၂၀၁၈ ဇန်နဝါရီ ၂ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးမှုအတွက် ကျော်ဇောဟန် (ခ) ကျော်ဇော၊ သန်းထွဋ်အောင် (ခ) သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့ ၃ ဦးစလုံးသည် ရဲစခန်းတွင် သွားရောက်အဖမ်းခံခဲ့သည်။

သေဆုံးမှုတွင် တရားစွဲဆို ခံခဲ့ရသူများအား ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဇူလိုင်၂၅ ရက်က အမှုစွဲချက်မတင်မီ ပြန်လွှတ်ပေးခဲ့ပြီးနောက် နှစ်လခွဲနီးပါးအကြာတွင် အမှုကို ပြန်လည်စစ်ဆေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အောင်ရဲထွေး သေဆုံးမှုကို အဂတိလိုက်စားပြီး အမှုပိတ်ခဲ့သည်ဟုဆိုတာ ရန်ကုန်တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးအပါအဝင် ဥပဒေအရာရှိ ၅ဦးနှင့် အမှုကိုင်ရဲအရာရှိတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅၊ ၅၆ တို့ဖြင့် တရားစွဲထားသည်။

Related Articles

Back to top button