အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အမှုပိတ်ပေးရန်အတွက် အောင်ရဲထွေးမိသားစု သိန်း ၁၅၀၀ အထိရခဲ့ဟု အဂတိတိုက်ဖျက်ရေးဖော်ထုတ်

(ရန်ကုန်)- ဟာသသရုပ်ဆောင် အောင်ရဲထွေး၏ သေဆုံးမှုကို အမှုပိတ်သိမ်းပေးရန်အတွက် မိသားစုဝင်များက လူသတ်မှု သံသယဖြင့် ဖမ်းဆီးခံထားရသူ၏ ဖခင်ထံမှ ကျပ်သိန်း ၁၅၀၀ ကို လက်ခံရယူခဲ့သည်ဟု စစ်ဆေး တွေ့ရှိချက်များကို အခြေခံပြီး အဂတိတိုက်ဖျက်ရေးကော်မရှင်က ယနေ့တရားခွင်တွင် ထွက်ဆိုခဲ့သည်။

အောင်ရဲထွေးအမှုတွင် လာဘ်စားပြီး အမှုပိတ်ပေးခဲ့ကြောင်း စွပ်စွဲခံရသည့် ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း ဦးဟန်ထူးအပါအဝင် ဥပဒေအရာရှိများအား ယနေ့ ရုံးထုတ်စစ်ဆေးခဲ့သည့် ရန်ကုန်တိုင်းလွှတ်တော် တရားခွင်တွင် အဆိုပါအမှုကို ကိုင်တွယ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ မှ ဦးမိုးနိုင်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဂတိတိုက်ဖျက်ရေးအရာရှိ၏ အဆိုအရ လူသတ်မှု သံသယဖြင့် ဖမ်းခံထားရသူ ၃ ဦးအနက်မှ သန်းထွဋ်အောင်(ခ) သားကြီး၏ ဖခင်က အောင်ရဲထွေး၏ဖခင်ကို သိန်း ၁၃၀၀၊ ၎င်း၏အစ်ကိုကို သိန်း ၁၀၀ နှင့် ဦးလေးကို သိန်း ၁၀၀ ပေးခဲ့ရသည်ဟု ဆိုသည်။

အသက် ၂၅ နှစ်အရွယ် အောင်ရဲထွေးသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ ညပိုင်းက ရန်ကုန်၊ သုဝဏ္ဏရှိ The One Entertainment Park နှစ်သစ်ကူးပွဲတော်ကပွဲတွင် ရိုက်နှက်ခံရပြီး နောက် ၂၀၁၈ ဇန်နဝါရီ ၂ ရက်တွင် သေဆုံးခဲ့သည်။

အောင်ရဲထွေးကို ထိုးကြိတ်ကန်ကျောက်ခဲ့ကြသည်ဟု စွပ်စွဲခံခဲ့ရသည့် ကျော်ဇောဟန်(ခ) ကျော်ဇော၊ သန်းထွဋ်အောင်(ခ) သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့သည် သုဝဏ္ဏ ရဲစခန်းတွင် လာရောက်အဖမ်းခံခဲ့သည်။

၎င်းတို့သည် တရားလိုပြသက်သေ ၁၄ ဦးစစ်ဆေးပြီးသည့်နောက် ရန်ကုန်တိုင်းဥပဒေချုပ်၏ ခွင့်ပြုချက်ဖြင့် တရားလိုဖြစ်သူ ကိုအောင်ရဲထွေးတို့၏ မိသားစုကိုယ်တိုင် အမှုရုပ်သိမ်းခဲ့သည်ကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ခွင့်ပြုကာ စွပ်စွဲခံရသူ ၃ ဦးလုံးကို လွှတ်ပေးခဲ့သည်။

ထိုလွှတ်ပေးလိုက်သည့် ဖြစ်ရပ်သည် ပြည်သူလူထုအတွင်း ဟိုးလေတစ်ကျော် ဖြစ်လာပြီးနောက် နိုင်ငံတော်သမ္မတကိုယ်တိုင် ဝေဖန်မှုဖြစ်ပေါ်ခဲ့သည်။

၎င်းအမှုကို ကျော်စောမှုအဖြစ် သတ်မှတ်ပြီး မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးသည့်အခါ ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း ဦးဟန်ထူး၊ ရန်ကုန်တိုင်း ဥပဒေအရာရှိ ဦးသိန်းဇော်၊ အရှေ့ပိုင်းခရိုင်တရားသူကြီး ဦးအောင်ကြည်၊ အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်နှင့် သုဝဏ္ဏနယ်မြေ စခန်းမှူးဟောင်း ဦးချစ်ကိုကိုတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နှင့် ၅၆ တို့ဖြင့် အသီးသီး တရားစွဲခံထားရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button