ရုပ်သံသတင်း

စစ်ကောင်စီဟန့်တားမှုကြားမှ အသံတိတ်သပိတ် အောင်မြင်စွာပြုလုပ်

စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်သည့်နေ့တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး တိတ်ဆိတ်ခြင်းသပိတ်(Silent Strike)ကို စစ်ကောင်စီက နည်းမျိုးစုံသုံးပြီး ဟန့်တားနေသည့်ကြားမှ အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါသည်။

အသံတိတ်သပိတ်မစခင် တစ်ပတ်အလိုကတည်းက သပိတ်မှာပါဝင်လျှင် ပုဒ်မကြီးများဖြင့် အရေးယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ခဲ့သော်လည်း ပြည်သူအများစုက အန်တုပြီး အသံတိတ်သပိတ်တွင် ပါဝင်ခဲ့ကြသည်။ ပြီးခဲ့သည့် မတ် ၂၄ နှင့် ဒီဇင်ဘာ ၁၀ ရက်နေ့တို့တွင်လည်း တစ်နိုင်ငံလုံး အပြင်မထွက်ဘဲ အိမ်မှာနေသည့် အသံတိတ်သပိတ်ကို ပြုလုပ်ခဲ့ကြပြီး အောင်မြင်ခဲ့ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/syaSr0V4GGo]

Show More

Related Articles

Back to top button