ရုပ်သံသတင်း

ကရင်နီပြည်သူနဲ့အတူ တစ်နိုင်ငံလုံးရပ်တည်ကြစို့

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများခံနေရသည့် ကရင်နီဒေသက ပြည်သူများကို တတ်နိုင်သမျှကူညီပြီး တစ်သားတည်းရှိကြောင်း ပြသကြရန် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB) တွင် ပါဝင်သည့် တော်လှန်ရေးအင်အားစုများက တိုက်တွန်းကြပါသည်။

ဇန်နဝါရီ ၆ ရက်နေ့မှစ၍ စစ်ကောင်စီသည် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ရှားတောမြို့နယ်များကို တိုက်လေယာဉ်များနှင့် ဗုံးကြဲမှု၊ ရဟတ်ယာဉ်များနှင့် အနီးကပ်ပစ်ခတ်မှုများ လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံများ သောင်းချီ စစ်ဘေးရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/Gsx8dwf5Q_s]

Show More

Related Articles

Back to top button