
စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်တော့မည့်အချိန်တွင် ပြည်သူများသည် လျှပ်စစ်ဓာတ်အားကို လုံလောက်အောင် မရရှိတော့ဘဲ ဖယောင်းတိုင်မီးနှင့် မီးသွေးမီးဖိုကို ပြန်လည်အားကိုးရတော့မည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့သလို ရေသုံးစွဲမှုအပါအဝင် အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကမူ ပြည်သူများသုံးစွဲနိုင်အောင် နိုင်ငံအနှံ့ လျှပ်စစ်ကားများ၊ လျှပ်စစ်ရထားများ ပြေးဆွဲပေးရန် စီစဉ်နေကြောင်း မကြာခဏလေလုံးထွားပြောဆိုနေပေမဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်မလုံလောက်မှုကို ဝန်ခံခဲ့ပြီး ပြည်သူများကို လျှပ်စစ်မီးသုံးစွဲမှုလျှော့ချရန်နှင့် အချိန်ပိုင်းမီးဖြတ်ရန် ကြေညာချက်ထုတ်ပြန်ခဲ့ရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/SnVaW4I58l0]