
ဝေဖန်ကန့်ကွက်နေသည့်ကြားမှ မြန်မာနိုင်ငံသို့ ယနေ့ (ဇန်နဝါရီ ၇ )နံနက် ၉ နာရီခွဲတွင် ရောက်လာသည့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်ကို ပြည်သူ့ဆန္ဒလေးစားလိုက်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ယနေ့ (ဇန်နဝါရီ ၇) တိုက်တွန်းလိုက်သလို ပြည်သူအများစုကလည်း ကန့်ကွက်ခဲ့ကြသည်။
ဝန်ကြီးချုပ်အဖြစ် နှစ်ပေါင်း ၄၀ နီးပါး ရပ်တည်ကာ မိသားစုပဒေသရာဇ်စနစ်ကို ကမ္ဘောဒီးယား၌ သွတ်သွင်းနေသူဟု နာမည်ကြီးသည့် ဟွန်ဆန်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် ပထမဆုံးသော အဆင့်မြင့်ဧည့်သည်တော်ဖြစ်ပြီး အာဏာရှင်အချင်းချင်းရိုင်းပင်းသည့် သဘောဖြစ်သောကြောင့် မြန်မာပြည်သူများက ၎င်း၏ခရီးစဉ်ကို ကန့်ကွက်ရှုတ်ချကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/wZcONreu-c0]